“ယခုလက်ရှိ NEI မှာ Administration and Logistic Manager အဖြစ်တာဝန်ထမ်းဆောင်နေပါတယ်ရှင့်။ NEI ၏ စီမံကိန်းများ အဆင်ပြေချောမွေ့စေရန် လိုအပ်သည့် စီမံခန့်ခွဲမှုနှင့် ထောက်ပံ့ပို့ဆောင်မှုများကို အဓိကကြီးကြပ်သည့် တာဝန်ကိုလုပ်ဆောင်ပါသည်။ ထို့ပြင် အဖွဲ့အစည်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းကိစ္စရပ်များ ထိန်းသိမ်းခြင်း၊ လုပ်ငန်းခွင် သန့်ရှင်းသပ်ရပ်မှုများ ကိုလည်း တာဝန်ယူ လုပ်ဆောင်လျက်ရှိသည်။ စီမံကိန်း အကောင်အထည်ဖော်မှုများနှင့် ပတ်သက်၍ လေ့လာခဲ့ပါသည်။
အဖွဲ့အစည်းတစ်ခုဖြစ်တည်လာဖို့ကခက်ခဲသလို ရေရှည်ရပ်တည်ဖို့ကလည်းမလွယ်လှပါဘူး။ ၈-နှစ်ပြည့် NEI ကိုလည်း ချီးကျူးဂုဏ်ပြုအပ်ပါတယ်။ ယခုကဲ့သို့ NEI ရဲ့ (၈) နှစ်ပြည့် နှစ်ပတ်လည်နေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် အဓွန့်ရှည်တည်တံ့ခိုင်မြဲစွာဖြင့် လူတော် လူကောင်းများစွာကိုအစဥ် မွေးထုတ်ပေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း”
“ကျွန်မ လက်ရှိ National Enlightenment Institute မှာ ငွေကြေးဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များတွင် အဓိက တာဝန်ယူ လုပ်ဆောင်နေပါသည်။ National Enlightenment Institute မှာရှိနေတဲ့အချိန်တွင်း ငွေကြေးသုံးစွဲမှုများ စနစ်တကျဖြစ်စေရန် လုပ်ဆောင်ခြင်း၊ စီမံချက် ဘဏ္ဍာငွေ အစီရင်ခံစာပြင်ဆင်ခြင်း၊ ဆက်သွယ်ပြောဆိုဆက်ဆံမှုဆိုင်ရာများ၊ ရုံးတွင်းစီမံခန့်ခွဲမှုဆိုင်ရာများ၊ မိမိကိုယ်ကို စီမံခန့်ခွဲမှု အပိုင်းများ ၊ နောက်ခံရေမြေ မတူညီသော စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် ထိတွေ့ ချိတ်ဆက်ပေါင်းသင်းဆက်ဆံတတ်လာခြင်း၊ ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းအားကောင်းလာခြင်း စသည့် စွမ်းရည်များတိုးတက်ခဲ့ပါသည်။ National Enlightenment Institute ၈နှစ် ပြည့်မှသည် နှစ်ပေါင်းများစွာတိုင်အောင် နိုင်ငံအကျိုး၊ ပြည်နယ်အကျိုး၊ လူငယ်အကျိုး သယ်ပိုးနိုင်သော အဖွဲ့အစည်း တစ်ခုအဖြစ် ရေရှည်တည်တံ့ခိုင်မြဲပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။”
“National Enlightenment Institute _NEI တွင် စီမံကိန်းမန်နေဂျာ အဖြစ် ပြည်နယ်လွှတ်တော်၊ သက်ဆိုင်ရာပြည်နယ်အစိုးရဌာနများ၊ ပြင်ပအဖွဲ့အစည်းများနှင့် အဓိက ချိတ်ဆက်ဆောင်ရွက်ရသည့် အပိုင်းတွင် အဓိက တာဝန်ယူလုပ်ဆောင်လျက်ရှိပါတယ်။ National Enlightenment Institute _NEI ၌ လုပ်ကိုင်ခဲ့သည့် ကာလများတွင် မိမိဒေသ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မတူညီသော အမြင်များ၊ ရှု့ထောင့်များ၊ တွေးခေါ်မှုအပိုင်းများကို လက်တွေ့ကျကျတွေးခေါ်နိုင်ရန် လိုအပ်သည်ကို သိရှိခဲ့ပါတယ်။ အမှန်တကယ်လိုအပ်သည့် ကဏ္ဍတွင် ကွာဟချက်များကို ဖြည့်စွက်ပေးနိုင်ရန်အတွက် မတူညီသောအရာများမှ တူညီသောအားအင်များ ဖြစ်လာနိုင်စေရန်အတွက် ကောင်းစွာစေ့စပ်ဆွေးနွေးညှိနှိုင်းပြီး စီမံခန့်ခွဲမှုအားကောင်းရန်လိုအပ်ကြောင်းကိုလည်း သင်ယူရရှိခဲ့ပါသည်။ National Enlightenment Institute အဖွဲ့အစည်းမှ ယခုထက်ပိုပြီး ဒေသတွင်း အမှန်တကယ်လိုအပ်လျက်ရှိသည့် ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်လုပ်ဆောင် ပေးနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။”
“National Enlightenment Institute – NEI ၏ စီမံကိန်းများနှင့် သုတေသနများတွင် အချက်အလက်များ စနစ်တကျဖွဲ့စည်းခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း အဖွဲ့ တာဝန်စီမံခန့်ခွဲခြင်း၊ ရည်ရွယ်ချက် ကောင်းမွန်စွာ ပြီးမြောက်စေရေး နှင့်ပတ်သက်ပြီး အဓိက ဆောင်ရွက်လျက်ရှိပါတယ်။
ကျွန်တော် NEI မှာ မိမိကိုယ်ကို သိရှိခြင်း ၊ စီမံခန့်ခွဲမှု အပိုင်း နှင့် စနစ်ကျမှုအပိုင်း တို့ကို အဓိက သင်ယူလျက် ရှိပါတယ်။ ကျွန်တော် ပထမဦးဆုံး သင်တန်းတက်ဖို့ ရွေးချယ်လိုက်သော NEI မှာ သင်တန်းသားဘဝကနေ အခုလို အခြေအနေအထိ အများကြီး လုပ်ကိုင်ဆောင်ရွက်ပေးနိုင်တာကို ကျေနပ်မိနေသကဲ့သို့ ဂုဏ်လည်းယူမိနေပါတယ်
NEI မှ မျှော်မှန်းထားသော နိုင်ငံတည်ဆောက်ရေးတွင် ပံ့ပိုးကူညီမှုအပိုင်း၌ စနစ်တကျ အကောင်အထည်ဖော် ဆောက်ရွက်နိုင်ရေး၊ တစ်နှစ်ထက်တစ်နှစ် အသစ်သစ်သော ပံ့ပိုးမှုများဖြင့် ကူညီရွက်ဆောင်နိုင်စေရေး နှင့် ဒေသဖွံ့ဖြိုးမှုတွင် လိုအပ်သည့် သုတေသနနှင့် သတင်းအချက်အလက်များ ကြိုးစားပြုစုနိုင်ရေးများကို ဆုမွန်ကောင်းတောင်းဆိုလျက်”
“ကျွန်တော် တာဝန်ယူရတဲ့ အပိုင်းကတော့ Data Collection ရယ်၊ Data Analysis တချို့ရယ် နဲ့ တစ်ခါတစ်လေ Data Visualization ပိုင်းတွေပါ။ ကျွန်တော် NEI ကနေ အများကြီးသင်ယူလိုက်ရပါတယ်…..ပထမ တစ်ခုကတော့ Covid ကာလ မွန်ပြည်နယ် စီးပွားရေး အခြေအနေကို မျက်မြင် နားလည်လိုက်ရတယ် နောက်တစ်ခုကတော့ တကယ့် အလုပ်ခွင်ဆိုတာ ဘယ်လိုမျိုးဆိုတာကိုလည်း သင်ယူရပါတယ် နောက်ဆုံးကတော့ ကိုယ့်အားနည်းချက်တွေကို လည်း တော်တော်နားလည်ပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ဖို့ အခွင့်ရေးရလိုက်တာပါ။ (၈) နှစ်တာ နှစ်ပတ်လည်ကနေပြီးတော့ ကျွန်တော် NEI အတွက် ဆုတောင်းပေးချင်တာကတော့ ဒီထက်ပိုပြီး မွန်ပြည်နယ်အတွက် လုပ်ပေးနိုင်ပါစေ။ အခုလို Covid ကာလမှာ မွန်ပြည်နယ်ကြီး ကြံ့ကြံ့ခံနိုင်ပြီး Covid အလွန်မှာ ဘယ်ကဏ္ဍမှာမဆို Model State(စံပြပြည်နယ်) တစ်ခုဖြစ်လာအောင် NEI မှ ဒီထက်မက ကူညီနိုင်ပါစေ။ နောက်ဆုံးတစ်ခုကတော့ မွန်ပြည်နယ်က လူငယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အစိုးရဝန်ထမ်းတွေ ကိုပိုပြီး Capacity Development လုပ်နိုင်ပြီးတော့ မွန်ပြည်နယ်ကောင်းကျိုးအတွက် ချိတ်ဆက်လုပ်ကိုင်နိုင်ပါစေ။”
“NEI အဖွဲ့အစည်းတွင် (၂) နှစ်တာ တာဝန်ထမ်းဆောင်လျက်ရှိပြီး လက်ရှိတွင် Communication Officer အဖြစ် အဓိက တာဝန်ယူထားပါတယ်။ NEI Office Program Documentation, Email, Facebook Page, Website နှင့်ပတ်သက်သော ကိစ္စရပ်များကို အဓိက တာဝန်ယူဆောင်ရွက်ပေးနေပြီး NEI ၏ Program များထဲမှ Election Info Desk and Public Voice – Mon State – Project, COVID-19 Economic Relief Plan (CERP) Project တို့တွင်လည်း ညှိနှိုင်းချိတ်ဆက်မှုများတွင် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်။ မော်လမြိုင် – ကုန်စည်ဒိုင်တွင် နေ့စဉ်ဈေးနှုန်းတင်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များကြား ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို ဝင်ရောက်ကူညီလုပ်ဆောင်ပေးလျက်ရှိပါသည်။ လက်ရှိ NEI မှာအလုပ်လုပ်နေစဉ် HR Activity များဖြစ်သော Reading Session, Board Decoration များမှတစ်ဆင့် ဗဟုသုတများတိုးလာခြင်း၊ Website ကို စနစ်တကျလုပ်ဆောင်နိုင်လာခြင်း၊ သတင်းအချက်အလက်စုဆောင်းမျှဝေရာတွင် တိကျသေချာစွာ လုပ်ဆောင်နိုင်လာခြင်း၊ စကားအသုံးအနှုန်းရွေးချယ်မှုများမှအစ သေချာသုံးနှုန်းတက်လာခြင်း၊ လူငယ်အဖွဲ့အစည်း၊ ဌာနဆိုင်ရာနှင့် စီးပွားရေးအသင်းအဖွဲ့များကြား ပို၍ Network ကျယ်ပြန့်ကောင်းမွန်လာပါတယ်။
NEI လည်း ဒီထက်မကအောင်မြင်တိုးတက်ပြီး ပြည်နယ်ကောင်းမွန်ရေးအတွက်ပိုမိုထမ်းဆောင်နိုင်ပါစေ။ “
“NEI မှာ ရုံးပိုင်ဆိုင်ရာသာမက စီမံကိန်းများတွင် Operation အပိုင်းကို အဓိက တာဝန်ယူလုပ်ဆောင်လျှက်ရှိပါတယ်။ စီမံချက်အလိုက် လိုအပ်သည့် ညိုနှိုင်းချိတ်ဆက် အကောင်အထည် ဖော်မှုများနှင့် အချက်အလက် စုဆောင်းပေးမှုများကို အဓိက ဦးဆောင်နေပါတယ်။ NEI မှာ အလုပ်လုပ်နေတဲ့ ကာလ တစ်လျှောက်မှာဆိုရင် သင်ယူခဲ့ရတာတွေကတော့ အများကြီးရှိပါတယ်။ ဒီထဲမှာမှ ချိတ်ဆက်ဆောင်ရွက်မှု အပိုင်း၊ Project Operation အပိုင်း နှင့် Logistics Management အပိုင်းတွေကို အဓိကပိုပြီးလေ့လာသင်ယူခွင့်ရခဲ့ပါတယ်။
(၈) နှစ်ပြည့် နှစ်ပတ်လည်မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် ဒေသအကျိုး၊ ပြည်နယ်အကျိုးကို ပိုပြီးဆောင်ရွက်ပေးနိုင်ပါစေ။ NEI ၏ ရပ်တည်ချက်များအတိုင်း ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် မူဝါဒကောင်းများ အကောင်အထည်ပေါ်လာနိုင်ရေးကို ပံ့ပိုးကူညီပေးပါနိုင်စေဟု ဆုတောင်းပေးပါတယ်ရှင့် “
“ကျွန်မကတော့အခုလက်ရှိ NEI တွင် ပြုလုပ်နေသော သုတေသန စစ်တမ်းများနှင့် လေ့လာဆန်းစစ်ချက်များတွင် စာရင်းအင်းအချက်အလက်များကို စနစ်တကျ ပြုစုလုပ်ဆောင်သည့်အပိုင်းကို အဓိကလုပ်ဆောင်ပေးနေပါတယ်။ NEI ရဲ့ အသက်ဝင်နေတဲ့ လုပ်ငန်းခွင်တစ်လျှောက် ကျွန်မသင်ယူလေ့လာရခဲ့တာတွေကတော့ ရုံးလုပ်ငန်းဖွဲ့စည်းပုံနှင့် လုပ်ဆောင်မှုပုံစံများ၊ သင်တန်းများတွင် Training Design နှင့် Facilitation နည်းလမ်းများ၊ ရုံးလုပ်ငန်းသုံး Photoshop အသုံးပြုမှု နှင့် အဖွဲ့အစည်းဖွံ့ဖြိုးအောင် လုပ်ဆောင်ရမည့်နည်းလမ်းများ၊ စီမံချက် စီမံခန့်ခွဲမှု နည်းလမ်းများ၊ လုပ်ငန်းခွင် ဆက်ဆံရေးတို့ကို လေ့လာသင်ယူခဲ့ရပါတယ်။ NEI လည်းရေရှည်တည်တံ့ပြီးတော့ အနာဂတ်မှာလည်း ဒီထက်လူမှုအကျိုးကိုသယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ “
“ကျွန်တော်ကတော့ လက်ရှိမှာတော့ NEI စီမံချက်များတွင် Content Creation နှင့် Content Development ကို အဓိက တာဝန်ယူ လုပ်ကိုင်လျက်ရှိပါတယ်။ NEI မှာ အလုပ်လုပ်နေစဉ် ကာလအတွင်း နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများအပြင် လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာများ၊ လုပ်ငန်းခွင်ကျင့်ဝတ်၊ အပြုအမူ ၊ တာဝန်ယူမှု၊ တာဝန်ခံမှု တွေကို လေ့လာသင်ယူခွင့်ရခဲ့ပါတယ် ။ NEI (၈) နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် မွန်ပြည်နယ် ၏ ပိုမိုကောင်းမွန်သော တိုးတက်မှု၊ ပြောင်းလဲမှုများအတွက် လိုအပ်သော အထောက်အကူများ ပံ့ပိုးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ “
“ကျွန်မကတော့ ယခုလက်ရှိမှာ NEI ၏ စီမံကိန်းများတွင် စာရင်းအချက်အလက်များ စုဆောင်းခြင်း၊ မှတ်တမ်းပြုစုခြင်း နှင့် ထောက်ပံ့ကူညီခြင်းတို့ကို အဓိကလုပ်ဆောင်လျက်ရှိပါတယ်။ NEIကနေ စိတ်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်း ဆိုင်ရာနှင့် တစ်ချို့သော ချိတ်ဆက်ဆောင်ရွက်ရေးဆိုင်ရာများကို အထူးတလည်လေ့လာခဲ့ရပြီး ယခုထိ အတွေ့ကြုံကောင်းများကို ရရှိလျက်ရှိပါတယ် ။ NEI အတွက် ဆုတောင်းပေးချင်တာကတော့ ယခု (၈) နှစ်ပြည့်မှသည် နောက်နှစ်ပေါင်းများစွာတိုင် ဒီထက်မက အောင်မြင်တိုးတက်၊ကျော်ကြားသော အဖွဲ့အစည်းတစ်ခု အဖြစ် ဆက်လက် ရပ်တည်နိုင်ပြီး လူငယ်ခေါင်းဆောင်များစွာကိုလည်း မွေးထုတ်ပေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ “
“ကျွန်မကတော့ ယခု လက်ရှိ National Enlightenment Institute (NEI)မှာ သက်ဆိုင်ရာ စီမံချက်အလိုက် Data Collection နှင့် Database တည်ဆောက်ခြင်းများကို အဓိကလုပ်ဆောင်နေပါတယ်။ NEI နှင့်အတူ မိမိဒေသ၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခွင့်ရရှိသည့်အတွက် လွန်စွာဂုဏ်ယူ ဝမ်းမြောက်မိပါသည်။ ကျွန်မနှင့် NEI ၏ (၉) လ တာကာလအတွင်း ပေါင်းသင်းဆက်ဆံမှုဆိုင်ရာများ၊ လုပ်ငန်းခွင်ဆိုင်ရာ သိမှတ်ဖွယ်များ၊ နည်းပညာပိုင်းဆိုင်ရာများကို လေ့လာသင်ယူခွင့်ရရှိခဲ့ပါတယ်။ NEI အနေနဲ့လည်း နောင်နှစ်ပေါင်းများစွာတိုင် ပြည်နယ်ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာစေရန် အထောက်အပံ့ ပေးနိုင်သော အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ “
“ကျွန်တော်ကတော့ NEI မှာ Logistics Assistant အနေနဲ့ တာဝန်ယူထားပါတယ်ခင်ဗျ လက်ရှိအချိန်ထိ NEI မှာအလုပ်လုပ်ခွင့် ရတာကို ဂုဏ်ယူမိသလို NEI မှ ရရှိတဲ့အတွေ့အကြုံတွေကတော့ ကျွန်တော့်အတွက် တော်တော်လေးများပါတယ်။ ပထမအချက်အနေနဲ့ ကျွန်တော်က Logistics ပိုင်းကိုတာဝန်ယူထားသူ ဖြစ်တဲ့အတွက် ဒီအပိုင်းနဲ့ပတ်သက်ပြီး တော်တော်လေးအတွေ့အကြုံရပါတယ် ။ ဒုတိယအချက်ကတော့ Team Work နဲ့ပတ်သက်ပြီး တော်တော်လေးလုပ်လာနိုင်သလို အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုအဆင့်ဆင့်တွေကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။ တတိယအချက်အနေနဲ့ကတော့ 2020 Election နဲ့ပတ်သက်ပြီး အသေးစိတ် လေ့လာခွင့်ရသလို တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်ခင်ဗျ ။
အချုပ်အနေနဲ့ဆိုရင်တော့ NEI ကနေကျွန်တော့်အတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအများကြီးကို သင်ယူရရှိခဲ့ပါတယ်ခင်ဗျ။ ဆက်လက်ပြီးတော့လည်း NEI ကခေါင်းဆောင်တွေ လုပ်ဖော်ကိုင်ဖက်တွေဆီကနေ အများကြီးဆက်ပြီးသင်ယူချင်ပါသေးတယ်ဗျ။
NEI က မွန်၊ ကရင်၊ တနင်္သာရီ အကျိုးအတွက် လုပ်ဆောင်နေတာကို ကျွန်တော်အနေနဲ့ တစ်စိတ်တစ်ပိုင်းကနေ ပါဝင်ခွင့်ရတာကို ကျွန်တော့်ကိုကျွန်တော် ဂုဏ်ယူမိနေပါတယ်။
ဒီထက်လည်း NEI နဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တက်နိုင်သမျှ မွန်၊ ကရင်၊ တနင်္သာရီ ဒေသ (၃) ခု အကျိုးအတွက် ဆက်ပြီး ထမ်းပိုးသွားပါမယ်ခင်ဗျာ။ NEI လည်း (၈) နှစ်ပြည့်မှ နောက်နှစ်ပေါင်းများစွာထိ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးကို ဆထက်ထမ်းပိုး ပိုပြီးလုပ်နိုင်ပါစေကြောင်း ဆုတောင်းအပ်ပါတယ်ခင်ဗျ “
“ကျွန်တော်ကတော့ NEI မှာ Logistics Assistant အနေနဲ့ တာဝန်ယူထားပါတယ်ခင်ဗျ လက်ရှိအချိန်ထိ NEI မှာအလုပ်လုပ်ခွင့် ရတာကို ဂုဏ်ယူမိသလို NEI မှ ရရှိတဲ့အတွေ့အကြုံတွေကတော့ ကျွန်တော့်အတွက် တော်တော်လေးများပါတယ်။ ပထမအချက်အနေနဲ့ ကျွန်တော်က Logistics ပိုင်းကိုတာဝန်ယူထားသူ ဖြစ်တဲ့အတွက် ဒီအပိုင်းနဲ့ပတ်သက်ပြီး တော်တော်လေးအတွေ့အကြုံရပါတယ် ။ ဒုတိယအချက်ကတော့ Team Work နဲ့ပတ်သက်ပြီး တော်တော်လေးလုပ်လာနိုင်သလို အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုအဆင့်ဆင့်တွေကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။ တတိယအချက်အနေနဲ့ကတော့ 2020 Election နဲ့ပတ်သက်ပြီး အသေးစိတ် လေ့လာခွင့်ရသလို တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်ခင်ဗျ ။
အချုပ်အနေနဲ့ဆိုရင်တော့ NEI ကနေကျွန်တော့်အတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအများကြီးကို သင်ယူရရှိခဲ့ပါတယ်ခင်ဗျ။ ဆက်လက်ပြီးတော့လည်း NEI ကခေါင်းဆောင်တွေ လုပ်ဖော်ကိုင်ဖက်တွေဆီကနေ အများကြီးဆက်ပြီးသင်ယူချင်ပါသေးတယ်ဗျ။
NEI က မွန်၊ ကရင်၊ တနင်္သာရီ အကျိုးအတွက် လုပ်ဆောင်နေတာကို ကျွန်တော်အနေနဲ့ တစ်စိတ်တစ်ပိုင်းကနေ ပါဝင်ခွင့်ရတာကို ကျွန်တော့်ကိုကျွန်တော် ဂုဏ်ယူမိနေပါတယ်။
ဒီထက်လည်း NEI နဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တက်နိုင်သမျှ မွန်၊ ကရင်၊ တနင်္သာရီ ဒေသ (၃) ခု အကျိုးအတွက် ဆက်ပြီး ထမ်းပိုးသွားပါမယ်ခင်ဗျာ။ NEI လည်း (၈) နှစ်ပြည့်မှ နောက်နှစ်ပေါင်းများစွာထိ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးကို ဆထက်ထမ်းပိုး ပိုပြီးလုပ်နိုင်ပါစေကြောင်း ဆုတောင်းအပ်ပါတယ်ခင်ဗျ”
If you have any questions or problems , you can contact with +95-57-21249