၂၀၂၀ ရွေးကောက်ပွဲ မွန်ပြည်နယ်အချက်အလက် အနှစ်ချုပ်

မော်လမြိုင်၊ စက်တင်ဘာ ၁၆၊ ၂၀၂၀ ။

NEI’s Election Info Desk

၂၀၂၀ ရွေးကောက်ပွဲ မွန်ပြည်နယ် အချက်အလက် အနှစ်ချုပ်
– ၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ် အတွက် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နှင့် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်အားလုံး စုစုပေါင်း (၄၅) နေရာ ရှိသည်။
– ၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း နိုင်ငံရေးပါတီ (၁၇) ခုက မဲဆန္ဒနယ် အသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
– ၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ် အတွက် နိုင်ငံရေးပါတီ ကိုယ်စား ပြုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းပေါင်း (၃၀၂) ဦး ဝင်ရောက် ယှဉ်ပြိုင်ကြသည်။