၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်တွင် မဲပေးသူအရေအတွက် ၂၀၁၅ ထက်ပိုမိုများပြား

မော်လမြိုင်၊ နိုဝင်ဘာ ၈၊ ၂၀၂၀ ။

NEI’s Election Info Desk

၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်တွင် မဲပေးသူအရေအတွက် ၂၀၁၅ ထက်ပိုမိုများပြား
…………………………………………………………
(၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ဆန္ဒမဲလာပေးသူ အရေအတွက်သည် (၂၀၁၅) ခုနစ် ဆန္ဒမဲလာပေးသူ ဦးရေထက် များကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ(အတွင်းရေးမှူး) ဦးဟိဏ်းလင်းထက်၏ ဒေသတွင်း မီဒီယာများအား ပြောပြချက်များအရ သိရှိရသည်။
၎င်းအဆိုအရ ညနေ (၃)နာရီ အထိ စာရင်းရှိ မဲလာပေးနိုင်သူဦးရေ၏ (၅၄%) ကျော် ဆန္ဒမဲလာရောက်
ပေးထားပြီးဖြစ်သည့်အတွက် (၂၀၁၅) တွင် မဲလာပေးသည့် (၅၁%) ထက် ကျော်လွန်နေပြီးဖြစ်သည်။
ယခု ကျင်းပနေသည့် (၂၀၂၀) အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ မဲပေးနိုင်သူဦးရေ (၁၈)သိန်းကျော် ရှိသည့်အနက် (၅၄%) ကျော် မဲလာပေးထားပြီးဖြစ်သည်။