အစားထိုးဆန္ဒမဲလာပေးသူအား ရွေးကောက်ပွဲဥပဒေဖြင့် ဆက်လက်အရေးယူမည်

မော်လမြိုင်၊ နိုဝင်ဘာ ၈၊ ၂၀၂၀ ။

NEI’s Election Info Desk

အစားထိုးဆန္ဒမဲလာပေးသူအား
ရွေးကောက်ပွဲဥပဒေဖြင့် ဆက်လက်အရေးယူမည်
…………………………………………………………
အစ်မဖြစ်သူ၏ မဲစာရင်းစာရွက်ဖြင့် အမည်လိမ်လည်၍ လူစားထိုး ဆန္ဒမဲလာပေးခဲ့သည့် အသက်မပြည့်သေးသော အမျိုးသမီးငယ်တစ်ဦးအား မဲရုံမှ တာဝန်ရှိသူများက ခံဝန်ကတိရယူထားကာ မဲများ‌ရေတွက်ပြီးမှသာ သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေဖြင့် ဆက်လက်အရေးယူသွားရန်ရှိကြောင်း ပေါင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်သီရိဖြိုး မှ ပြောကြားထားပါသည်။ အဆိုပါ အမျိုးသမီးသည် ပေါင်မြို့နယ်၊
သဲကုန်းကျေးရွာ၊ မဲရုံအမှတ် (၁) တွင် ဆန္ဒမဲပေးနေစဉ် လူအစားထိုးဆန္ဒမဲပေးနေသည်ဟု သံသယ ရှိရာမှာ ယခုကဲ့သို့ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။