သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား

မော်လမြိုင်၊ အောက်တိုဘာ ၁၃၊ ၂၀၂၀ ။

NEI’s Election Info Desk

မဲဆန္ဒရှင်စာရင်းများကို စစ်ဆေးရန် (၂) ရက်သာလိုပါတော့သည်
ယခုတစ်ကြိမ်က မဲဆန္ဒရှင်စာရင်းမှာ သင့်အမည် ပါ/မပါ စစ်ဆေးနိုင်သည့် နောက်ဆုံးအခွင့်အရေးပဲ ဖြစ်ပါတယ်။
မွန်ပြည်နယ်ရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ (သို့မဟုတ်) ဖော်ပြပါ လင့်ခ် http://bit.ly/mon-voters ကိုနှိပ်၍လည်း အွန်လိုင်းမှတဆင့် မိမိအမည်၊ မှတ်ပုံတင် စသည့် အချက်အလက်များ မှန်ကန်မှု ရှိမရှိ စစ်ဆေးနိုင်ပါတယ် ။
အကယ်၍ မဲဆန္ဒရှင်စာရင်းတွင် အမည်နှင့် အချက်အလက်များ ထည့်သွင်းပေးရန်၊ ဖြည့်စွက်ရန်၊ ကန့်ကွက်ရန် လိုအပ်ပါက သတ်မှတ်ပုံစံများကို ဖြည့်စွက်၍ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ အောက်တိုဘာလ (၁၄)ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းလျှောက်ထားပေးရမှာ ဖြစ်ပါတယ်။