လွှတ်တော်အသီးသီးရဲ့ အစည်းအဝေးတွေ ဘယ်အချိန်စခေါ်ကြမလဲ?
မော်လမြိုင်၊ နိုဝင်ဘာ ၂၁၊ ၂၀၂၀ ။
NEI’s Election Info Desk
လွှတ်တော်အသီးသီးရဲ့ အစည်းအဝေးတွေ ဘယ်အချိန်စခေါ်ကြမလဲ?
•••••••••••••••••••••••••••••••••••••••••
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ဟူ၍ သုံးရပ်ရှိသည့်အနက် အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့မှ
ရက်ပေါင်း (၉၀) အတွင်း ပြည်သူ့လွှတ်တော် ၏ပထမအကြိမ် ပုံမှန်အစည်းအဝေးကိုခေါ်ယူရမည်ဖြစ်သည်။ ထိုကြောင့် ပြည်သူ့လွှတ်တော် ပထမအကြိမ် ပုံမှန် အစည်းအဝေးကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့ နောက်ဆုံးထား၍ ခေါ်ယူရမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေးစတင်သည့်နေ့သည် ပြည်သူ့လွှတ်တော် သက်တမ်းစတင်သည့်နေ့ဖြစ်ပြီး အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်၏သက်တမ်းလည်း ယင်းနေ့တွင် စတင်မည်ဖြစ် သည်။
အမျိုးသားလွှတ်တော်၏ ပထမအကြိမ်ပုံမှန်အစည်းအဝေးကို ယင်းလွှတ်တော်၏ သက်တမ်း စတင်သည့်နေ့မှ (၇)ရက်အတွင်းကျင်းပရမည်ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်၏ ပထမအကြိမ်ပုံမှန်အစည်းအဝေးကိုမူ (၁၅)ရက်အတွင်း ကျင်းပရမည်ဖြစ်သည်။
ယင်းလွှတ်တော် အသီးသီး၏ လွှတ်တော်အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်လျက်ရှိသော လွှတ်တော်ဥက္ကဋ္ဌများက
ဆက်လက်ခေါ်ယူကျင်းပ ရမည်ဖြစ်သည်။
ထို့နောက် ယင်းအစည်းအဝေးများတွင် လွှတ်တော်
ဥက္ကဋ္ဌနှင့်ဒု-ဥက္ကဋ္ဌ ရွေးချယ်တင်မြောက်ရန် အတွက် သဘာပတိကိုရွေးချယ်၍ သဘာပတိက အစည်းအဝေးများကို ဦးဆောင် ကျင်းပ၍ ခေါ်ယူရမည်ဖြစ်သည်။
လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒု- ဥက္ကဋ္ဌများရွေးးချယ်
တင်မြောက်ပြီးပါက အစည်းအဝေးများ ကို ဥက္ကဋ္ဌ နှင့် ဒု- ဥက္ကဋ္ဌ တို့ကသာ ဦးဆောင် ခေါ်ယူကျင်းပရမည်
ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်တွင် သမ္မတ နှင့် ဒု- သမ္မတ ရွေးချယ်တင်မြောက်ခြင်း
ပြုလုပ်ကြပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် ဝန်ကြီးချုပ် နှင့် ဝန်ကြီးများ
ရွေးချယ်အတည်ပြုခြင်းတို့ကို ပြုလုပ်ကြမည်ဖြစ်သည်။