ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲအသုံးစရိတ်
မော်လမြိုင်၊ စက်တင်ဘာ ၂၂၊ ၂၀၂၀ ။
NEI’s Election Info Desk
ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲ အသုံးစရိတ်အတွက် ငွေကြေး ပမာဏကို အကန့်အသတ်နဲ့သာ သုံးစွဲခွင့် ရှိပါတယ်။ ဒါ့ပြင် ပြည်သူ့၊ အမျိုးသား၊ ပြည်နယ် လွှတ်တော် အတွက် ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ တိုင်းရင်းသား လွှတ်တော် မဲဆန္ဒနယ် တွေအတွက် ဝင်ရောက် ယှဉ်ပြိုင် ကြမယ့် ကိုယ်စားလှယ်လောင်းတွေ အကြားမှာလည်း အသုံးစရိတ် ခွဲခြား သတ်မှတ်ချက် တပြေးညီ သတ်မှတ် မပေးထားပါဘူး။