ရွေးကောက်ပွဲရောက်ဖို့ (၃၈) ရက်သာလိုတော့သည်

မော်လမြိုင်၊ အောက်တိုဘာ ၁၊ ၂၀၂၀ ။

NEI’s Election Info Desk

၂၀၂၀ ရွေးကောက်ပွဲဟာ အခြားနှစ်တွေမှာ ကျင်းပရတဲ့ ရွေးကောက်ပွဲနဲ့ မတူဘဲ ကိုဗစ်ကပ်ရောဂါ ကာလ အတွင်း ကျင်းပ ရတဲ့ ရွေးကောက်ပွဲ ဖြစ်တာမို့ ရောဂါကူးစက်မှုကို ကာကွယ်တဲ့ အစီအမံတွေနဲ့ မဲရုံကို သွားရောက်ပြီး မဲပေး ကြဖို့နဲ့ ၊ မဲဆန္ဒရှင် မိဘ ပြည်သူတွေ အနေနဲ့ မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့ မဲကို မဆုံးရှုံး ရစေဘဲ ၊ မဖြစ်မနေ မဲပေးဖြစ်အောင် ပေးကြဖို့ တိုက်တွန်း နှိုးဆော် ပါရစေ။