ရေးမြို့နယ် မဲဆန္ဒနယ်အကြောင်းသိကောင်းစရာ

မော်လမြိုင်၊ အောက်တိုဘာ ၁၊ ၂၀၂၀ ။

NEI’s Election Info Desk

မွန်ပြည်နယ်ရဲ့ တောင်ဘက် အစွန်ဆုံးမှာ တည်ရှိပြီး တနင်္သာရီ တိုင်းဒေသကြီးနဲ့ ထိစပ်နေတဲ့ ရေးမြို့နယ် ကတော့ မဲဆန္ဒနယ် ခွဲခြား သတ်မှတ်ထားရာမှာ တခြားမြို့နယ်တွေထက် ထူးခြားစွာနဲ့ပဲ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် နှစ်ခု ဖြစ်နေပါတယ်။ ကျန်တဲ့ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် (၂) ခုနဲ့ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် တစ်ခု ကတော့ ကျန်တဲ့ မြို့နယ် တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။