မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှ ဆန္ဒမဲပေးမှု မြင်ကွင်း (ရေးမြို့နယ်)
မော်လမြိုင်၊ နိုဝင်ဘာ ၈၊ ၂၀၂၀ ။
NEI’s Election Info Desk
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှ ဆန္ဒမဲပေးမှု မြင်ကွင်း
(ရေးမြို့နယ်)
…………………………………………………………
ယနေ့ နိုဝင်ဘာ (၈) ရက်နေ့ ရေးမြို့နယ် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးနေကြသည့် ပုံရိပ်များ ဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် ကျေးရွာပေါင်း (၃၅)ရွာ၊ အိမ်ထောင်စုပေါင်း (၆၀၀၀) ကျော်၊ လူဦးရေ (၃)သောင်းနီးပါးရှိသော်လည်း ပထမ အကြိမ် မဲစာရင်းကပ်ထားမှုတွင် ကျေးရွာ (၁၉) ရွာမှ မဲပေးနိုင်သူဦးရေ (၂၀၀၀) နီးပါးကျန်ရှိခဲ့ပါတယ်။
ဒါကြောင့် ရေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ မှ ကျန်ရှိနေသူများကို ဒုတိယအကြိမ်မဲစာရင်းတွင် ထည့်သွင်းပေးခဲ့ပါတယ် …
နိုင်ငံသားတိုင်း တာဝန်ကျေဖို့ အခုပဲ မဲပေးကြပါစို့…