မွန်ပြည်နယ်၌ (၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်သည့် မဲဆန္ဒနယ်မြေ
မော်လမြိုင်၊ အောက်တိုဘာ ၁၇၊ ၂၀၂၀ ။
NEI’s Election Info Desk
#မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အတွင်းရှိ #ဘောနော်ခီးကျေးရွာအုပ်စု ကတော့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အမှတ် (၁၉၅/၂၀၂၀) ဖြင့် ရွေးကောက်ပွဲ ကျင်းပခြင်း မပြုနိုင်သည့် နယ်မြေအဖြစ် အောက်တိုဘာလ (၁၆) ရက်နေ့ က ထုတ်ပြန်ကြေညာထားပါတယ် ။