မွန်ပြည်နယ်အတွင်းဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကျား/မ အချိုး
မော်လမြိုင်၊ စက်တင်ဘာ ၂၂၊ ၂၀၂၀ ။
NEI’s Election Info Desk
မွန်ပြည်နယ်မှာ ရှိတဲ့ မဲဆန္ဒနယ် (၄၅) နေရာကို ပါတီပေါင်း (၁၇) နဲ့ တစ်သီး ပုဂ္ဂလက ကိုယ်စားလှယ်လောင်းတွေ အပါအဝင် စုစုပေါင်း (၃၀၂) ဦး တို့က ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ် ထားကြပြီး ဖြစ်ပါတယ်။ ဒီလို ဝင်ရောက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ ထဲမှာ အမျိုးသား ကိုယ်စားလှယ်လောင်း တွေရော အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေပါ ပါဝင် ပါတယ်။ ကိုယ်စားလှယ်ပေါင်း (၃၀၂) ဦး အနက်မှ ရာခိုင်နှုန်း အားဖြင့် အမျိုးသား ကိုယ်စားလှယ်လောင်းတွေက (၇၇) ရှိပြီးတော့ အမျိုးသမီး ကိုယ်စားလှယ်လောင်း (၂၃) ရာခိုင်နှုန်းသာ ပါဝင် ယှဉ်ပြိုင် တာကို တွေ့ရပါတယ်။