မွန်ပြည်နယ်အတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေ ဘယ်လိုသတ်မှတ်လဲ

မော်လမြိုင်၊ စက်တင်ဘာ ၁၀၊ ၂၀၂၀ ။

NEI’s Election Info Desk

#ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းအရေအတွက် သတ်မှတ်ခြင်းအာဏာကို (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၁၀၉)တွင် ပြဌာန်းထားပါတယ်။ #အဲဒီအာဏာကို ကိုးကားပြီးတော့ ပြည်ထောင်စု‌‌ရွေးကောက်ပွဲကော်မရှင်က ဇွန်လ (၂၉) ရက်နေ့မှာ ထုတ်ပြန်ကြေငြာချက် အမှတ် (၁၁၁/၂၀၂၀) နဲ့ #မွန်ပြည်နယ်ကို တစ်မြို့နယ်လျှင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ တစ်နယ်ကျစီ သတ်မှတ်ကြောင်း ထုတ်‌ပြန်ကြေငြာထားပါတယ်။