မွန်ပြည်နယ်တွင် အနိုင်ရရှိသောအသက်အကြီးဆုံးနှင့် အသက်အငယ်ဆုံးလွှတ်တော်ကိုယ်စားလှယ်များ

မော်လမြိုင်၊ နိုဝင်ဘာ ၂၁၊ ၂၀၂၀ ။

NEI’s Election Info Desk

မွန်ပြည်နယ် မဲဆန္ဒနယ်များတွင် ရွေးချယ်တင်မြောက်
ခံရသော အသက်အကြီးဆုံးနှင့် အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်များ
…………………………………………………………………
မွန်ပြည်နယ်၏ မဲဆန္ဒနယ်အသီးသီးတွင်
ရွေးချယ်တင်မြောက်ခံရသော လွှတ်တော် ကိုယ်စားလှယ်များအနက် အသက်အရွယ်အားဖြင့် အကြီးဆုံးတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၉) မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း သည် (၇၄)နှစ် ၊ ရေးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဒေါက်တာဗညားအောင်မိုး သည် (၇၂)နှစ် နှင့် မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဒေါ်စံဝင့်ခိုင် သည် (၇၀)နှစ် တို့ပါဝင်သည်။
အသက်အရွယ်အားဖြင့် အငယ်ဆုံးတွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) မှရွေးချယ်တင်မြောက်ခံရသော ဦးလင်းတင်ဌေးသည် (၃၅)နှစ်၊ မွန်ပြည်နယ်လွှတ်တော် ဘီးလင်းမဲဆန္ဒနယ် အမှတ် (၂)မှ ဒေါက်တာခင်နိုင်ဦးသည် (၃၅)နှစ်နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးအေးမင်းဟန်သည် (၃၇)နှစ် တို့ပါဝင်သည်။