မွန်ပြည်နယ်တစ်ဝှမ်းလုံး၌ ပြည်နယ်(တိုင်းရင်းသား) လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီနှင့် တိုင်းရင်းသားကိုယ်စားလှယ်လောင်းများအနှစ်ချုပ်

မော်လမြိုင်၊ အောက်တိုဘာ ၂၁၊ ၂၀၂၀ ။

NEI’s Election Info Desk

(၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် မွန်ပြည်နယ်တစ်ဝှမ်းလုံး၌ ပြည်နယ် (တိုင်းရင်းသား) လွှတ်တော် မဲဆန္ဒနယ်မြေများတွင် တစ်သီးပုဂ္ဂလ အပါအဝင် ပါတီပေါင်း (၁၂) ခုမှ တိုင်းရင်းသား ကိုယ်စားလှယ်လောင်းပေါင်း (၂၇) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြသည်။