မွန်တွင် ပါတီပေါင်း (၁၇) ခုမှ ကိုယ်စားလှယ်လောင်း (၃၀၂) ဦးတို့ဝင်ရောက်ယှဉ်ပြိုင်ပြီး (၄) ပါတီသာ နေရာအားလုံးမှာ ဝင်ပြိုင်

မော်လမြိုင်၊ စက်တင်ဘာ ၉၊ ၂၀၂၀ ။

NEI’s Election Info Desk

လာမယ့် (၂၀၂၀) အထွေထွေ #ရွေးကောက်ပွဲ အတွက် #မွန်ပြည်နယ် တစ်ဝန်းလုံးမှာ ပါတီ (၁၇) ကနေ #ကိုယ်စားလှယ် ပေါင်း (၃၀၂) ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။ #နိုင်ငံရေးပါတီ ကိုယ်စားပြု ဝင်ပြိုင်သူ ရှိသလို #တသီးပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်တဲ့ သူတွေလည်း ရှိပါတယ်။ တသီးပုဂ္ဂလ ဝင်ပြိုင်သူတွေ ထဲမှာ #အမျိုးသမီးကိုယ်စားလှယ်လောင်း တစ်ဦး ထူးထူး ခြားခြား ပါဝင် နေတာကို တွေ့ရပါတယ်။