မဲရုံအတွင်းကို ဆံဆိပ်တုံးနှင့် မဲနမူနာစာရွက်များယူဆောင်လာသူ အမျိုးသမီးအား ဖမ်းဆီးအရေးယူ

မော်လမြိုင်၊ နိုဝင်ဘာ ၈၊ ၂၀၂၀ ။

NEI’s Election Info Desk

မဲရုံအတွင်းကို တံဆိပ်တုံးနှင့် မဲနမူနာစာရွက်များ
ယူဆောင်လာသူ အမျိုးသမီးအား ဖမ်းဆီးအရေးယူ
…………………………………………………………
မဲရုံအတွင်းသို့ ရွေးကောက်ပွဲကော်မရှင် တံဆိပ်တုံး (၂)ခု နှင့် မဲနမူနာ စာရွက်များ ယူဆောင်လာသည့် အမျိုးသမီးတစ်ဦးအား ယနေ့ နံနက်အစောပိုင်းတွင် တာဝန်ရှိသူများက တွေ့ရှိခဲ့သဖြင့် ထိန်းသိမ်းခဲ့ပြီး ၎င်းအား အစင်ကျေးရွာရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဖေသန်းမှ တရားလိုပြုလုပ်၍ (ပ) ၅၃၃/၂၀၂၀ ၊ရာဇာသတ်ကြီး ပုဒ်မ (၄၂၀/၄၆၈) ဖြင့် ရေးမြို့မရဲစခန်း ၌ တိုင်တန်းထားကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးမှာ မွန်ပြည်နယ်၊ ရေးမြို့၊ အစင်ကျေးရွာ မဲရုံအမှတ် (၆) ၌ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း (ဦးကျော်သူရ) ၏ မဲရုံကိုယ်စားလှယ် (ဒေါ်နုနုဝင်း) ဖြစ်ကြောင်း သိရသည်။