မဲဘယ်နှစ်မဲ ပေးရမလဲ၊ မဲဘယ်နှစ်မဲ ပေးခွင့်ရှိလဲ
မော်လမြိုင်၊ စက်တင်ဘာ ၁၅၊ ၂၀၂၀ ။
NEI’s Election Info Desk
ပြည်နယ်လွှတ်တော် အတွက် မဲတစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် မဲတစ်မဲ၊ အမျိုးသား လွှတ်တော် အတွက် မဲတစ်မဲ စုစုပေါင်း သုံးမဲကတော့ မဲစာရင်းပါ လူတိုင်း မဖြစ်မနေ ပေးရမှာ ဖြစ်ပါတယ်။
မဲစာရင်း သတ်မှတ် ဖော်ပြချက်ပါအတိုင်း မွန်လူမျိုး တွေကတော့ ပြည်နယ်လွှတ်တော် အတွက် မဲတစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် မဲတစ်မဲ၊ အမျိုးသား လွှတ်တော် အတွက် မဲတစ်မဲ စုစုပေါင်း မဲသုံးမဲ ပေးရမှာ ဖြစ်ပါတယ်။
ကရင်၊ ပအိုဝ်း ၊ ဗမာ တိုင်းရင်းသား တွေကတော့ မဲလေးမဲ ပေးရမှာ ဖြစ်ပါတယ်။ ကရင်၊ ပအိုဝ်း ၊ ဗမာ လူမျိုးတွေကတော့ ပြည်နယ်လွှတ်တော် အတွက် မဲတစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် မဲတစ်မဲ၊ အမျိုးသား လွှတ်တော် အတွက် မဲတစ်မဲ ၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် အတွက် တစ်မဲ စုစုပေါင်း လေးမဲ ပေးရမှာ ဖြစ်ပါတယ်။