မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများပါဝင်နေပါက မဲစာရင်းနှင့် စပ်လျဉ်းသောကန့်ကွက်လွှာ ပုံစံ – (၄)
မော်လမြိုင်၊ အောက်တိုဘာ ၁၀၊ ၂၀၂၀ ။
NEI’s Election Info Desk
အကယ်၍ သင့်မိသားစုဝင် တစ်ဦးဦး (သို့မဟုတ်) အခြားသူ တစ်ဦးဦးသည် မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူ (ဥပမာ – ကွယ်လွန်ပြီးသူများ) ဖြစ်နေပါက မဲစာရင်းမှ ထုတ်ပယ်ပေးရန်အတွက် ပုံစံ – (၄) (မဲစာရင်းနှင့် စပ်လျဉ်းသော ကန့်ကွက်လွှာ) ကိုဖြည့်စွက်၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ အောက်တိုဘာလ (၁၄) ရက်ကို နောက်ဆုံးထားပြီး လျှောက်ထားတင်သွင်းရပါမည်။
ဖြည့်စွက်ရမည့် ပုံစံ (၄) ကို အောက်ပါလင့်တွင် ဒေါင်းလုဒ် ရယူနိုင်ပါသည်။
https://www.uec.gov.mm/show_data_content.php?name=73.pdf…