မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်မြေအကြောင်းသိကောင်းစရာ
မော်လမြိုင်၊ စက်တင်ဘာ ၂၄၊ ၂၀၂၀ ။
NEI’s Election Info Desk
ရာမညဌာနီ မွန်တို့မြေလို့ သိကြတဲ့ မွန်ပြည်နယ် အတွက်ကတော့ မော်လမြိုင်ဟာ မွန်ပြည်နယ်ရဲ့ မြို့တော်ပါ ၊ မော်လမြိုင်မြို့နယ်ရဲ့ လွှတ်တော် အသီးသီးအတွက် ရွေးကောက်ပွဲ နယ်မြေ တွေကို သတ်မှတ်တဲ့ နေရာမှာ အခြား မဲဆန္ဒနယ် တွေထက် ထူးခြားတာက အမျိုးသား လွှတ်တော် မဲဆန္ဒနယ်မြေ နှစ်ခု ဖြစ်နေခြင်းပဲ ဖြစ်ပါတယ်။ မော်လမြိုင်နဲ့ ရေးမြို့နယ် တို့မှာပဲ အမျိုးသားလွှတ်တော် အတွက် မဲဆန္ဒနယ်မြေ နှစ်ခုစီ ရှိပြီး ကျန်တဲ့ မြို့နယ်တွေကတော့ တစ်ခုစီပဲ ရှိကြပါတယ်။ မော်လမြိုင်မြို့နယ်ရဲ့ မဲဆန္ဒနယ်မြေ သတ်မှတ်ချက်တွေ အကြောင်းကို ဖော်ပြ ပေးလိုက်ပါတယ်။