မော်လမြိုင်မြို့နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၄) နှင့် အမှတ်(၅)တွင် ပါဝင်သော ရပ်ကွက်နှင့် ကျေးရွာများ

မော်လမြိုင်၊ စက်တင်ဘာ ၂၄၊ ၂၀၂၀ ။

NEI’s Election Info Desk

မော်လမြိုင်မြို့နယ် အတွက် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၄) နဲ့ (၅) ဆိုပြီး မဲဆန္ဒနယ်မြေ နှစ်ခု ရှိပါတယ်။ ပြည်နယ်တွင်းမှာ ရှိတဲ့ မြို့နယ် (၁၀) ခု ထဲမှာတော့ မော်လမြိုင်နဲ့ ရေးမြို့နယ် တို့မှာပဲ အမျိုးသားလွှတ်တော် အတွက် မဲဆန္ဒနယ်မြေ နှစ်ခုစီ ရှိပြီး ကျန်တဲ့ မြို့နယ်တွေကတော့ တစ်ခုစီပဲ ရှိကြပါတယ်။ မော်လမြိုင်မြို့နယ်ရဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ သတ်မှတ်ချက် အသေးစိတ်ကို မြေပုံပေါ်မှာ ကြည့်ရှု နိုင်ပါတယ်။