မိမိအမြဲတမ်းနေရပ်၏ မဲဆန္ဒရှင်စာရင်းတွင်အမည်မပါဝင်ပါက မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုလွှာ ပုံစံ – (၃)
မော်လမြိုင်၊ အောက်တိုဘာ ၁၀၊ ၂၀၂၀ ။
NEI’s Election Info Desk
အကယ်လို့ သင် (သို့မဟုတ်) သင့်မိသားစုဝင် တစ်ဦးဦးက ဆန္ဒမဲပေးပိုင်ခွင့်ရှိ ပေမယ့် မိမိရဲ့ အမြဲတမ်းနေရပ် မဲဆန္ဒရှင်စာရင်းမှာ အမည်မပါ နေရင်တော့ ပုံစံ – (၃) (မဲစာရင်းတွင် အမည် ထည့်သွင်းပေးရန် တောင်းဆိုလွှာ) ကိုဖြည့်စွက်ပြီး ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံကို အောက်တိုဘာလ (၁၄) ရက် နောက်ဆုံးထားပြီး လျှောက်ထားတင်သွင်းနိုင်ပါတယ်။
ဖြည့်စွက်ရမည့် ပုံစံ (၃) ကို အောက်ပါလင့်တွင် ဒေါင်းလုဒ် ရယူနိုင်ပါတယ်။
https://www.uec.gov.mm/show_data_content.php?name=70.pdf…