ဘယ်သူတွေ ဝန်ကြီးချုပ် ဖြစ်ခွင့်ရှိလဲ၊ ဘယ်သူတွေ လွှတ်တော် ဥက္ကဌ ဖြစ်ခွင့်ရှိလဲ
မော်လမြိုင်၊ စက်တင်ဘာ ၁၆၊ ၂၀၂၀ ။
NEI’s Election Info Desk
ဝန်ကြီးချုပ် ဖြစ်ဖို့ကတော့ အသက် (၃၅) နှစ် ပြည့်သူ ဖြစ်ရပါမယ်။ အသက် (၂၅) နှစ် ပြည့်သူတိုင်း ကိုယ်စားလှယ်လောင်း အနေနဲ့ ဝင်ရောက် အရွေးချယ် ခံနိုင်ပြီး ရွေးချယ်ခံခဲ့ရလို့ ကိုယ်စားလှယ် ဖြစ်ခဲ့မယ် ဆိုရင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်ခွင့် ရှိပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရထားတဲ့ အတွက် အရွေးကောက်ခံ ကိုယ်စားလှယ် တိုင်းဟာ ကိုယ်စားလှယ် ဖြစ်ခွင့် အရည်အချင်း ပြည့်မီပြီးသူတွေ ဖြစ်တယ်လို့ ယူဆလို့ ရပါတယ်။ ဒီအကြောင်းကို အခြေခံဥပဒေ ပုဒ်မ (၂၆၁) မှာ အကျယ်တဝင့် ဖော်ပြ ထားပါတယ်။