နိုင်ငံသားတိုင်းသိထားသင့်တဲ့ “Silent Day”

မော်လမြိုင်၊ နိုဝင်ဘာ ၆၊ ၂၀၂၀ ။

NEI’s Election Info Desk

နိုင်ငံသားတိုင်း သိထားသင့်တဲ့ “Silent Day”
…………………………………………………………
Silent Day ဆိုသည်မှာ
“ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာကျင်းပနိုင်ရန်နှင့် မဲဆန္ဒရှင်ပြည်သူလူထုအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာဆန္ဒမဲ ပေးနိုင်ရန်အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ရပ်နားရမည့်နေ့ပင် ဖြစ်ပါသည်။”
• ယခု ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ၌ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို (၆.၁၁.၂၀၂၀) ရက်နေ့ ည (၁၂း၀၀) နာရီနောက်ဆုံးထား၍ ဖြုတ်သိမ်းပေးရမည် ဖြစ်သည်။
• သတ်မှတ်ထားသည့်ကာလအတွင်း ကြော်ညာ၊ ပိုစတာများအား ဖျက်သိမ်းထားခြင်းမရှိပါက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့်ညှိနှိုင်း၍ ကြော်ငြာ/ပိုစတာများအား ဖြုတ်သိမ်းစေရန် နှင့် ယင်း ကြော်ညာငြာ/ပိုစတာ ဖြုတ်သိမ်းခြင်းလုပ်ငန်းဆောင်ရွက်ရသည့် ကုန်ကျစရိတ်ကျသင့်ငွေအား သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းမှ ပြန်လည်ပေးချေရန်တာဝန်ရှိကြောင်း ကြေညာချက်အမှတ် (၂၀၃/၂၀၂၀) ထုတ်ပြန်ကြေညာခဲ့သည်။
• မဲဆွယ်စည်းရုံးရေးရပ်နားသည့်ကာလအတွင်းတွင် လှုမှုကွန်ရက်ဝက်ဆိုဘ်ဖြစ်သော (Facebook, Twitter….) စသည့် အွန်လိုင်းဝက်ဆိုဘ်များနှင့် မီဒီယာများမှ မဲဆွယ်စည်းရုံးရာရောက်သော Postများ၊ အကြောင်းအရာများ လွှင့်တင်ခြင်းမပြုကြရန်လည်း အသိပေးကြေညာခဲ့သည်။
• ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၆) ရက် ည (၁၂း၀၀) မှ ရွေးကောက်ပွဲကျင်းပပြီးသည် အထိ မဲဆွယ်စည်းရုံးရေးများ ရပ်နားထားရမည်ဖြစ်သည်။