နိုင်ငံတော်သမ္မတရွေးချယ်ခြင်း

မော်လမြိုင်၊ အောက်တိုဘာ ၂၄၊ ၂၀၂၀ ။

NEI’s Election Info Desk

နိုင်ငံတော် သမ္မတ ရွေးချယ်နည်း အဆင့်ဆင့်
•••••••••••••••••••••••••••••••••••••••••••••
#သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ သုံးဖွဲ့ဖြင့် ဖွဲ့စည်းသည်။
#ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့၊ #အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့နှင့် လွှတ် တော် (၂)ရပ်မှ #တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ တို့အသီးသီးက အစည်းအဝေးများကျင်းပပြီး #ဒုတိယသမ္မတလောင်း အမည်စာရင်း တစ်ဦးစီကို တင်သွင်းကြပါသည်။
ထိုပုဂ္ဂိုလ်များကို #နိုင်ငံတော်သမ္မတ အရည်အချင်း စိစစ်ရေးအဖွဲ့က အရည်အချင်းနှင့် ပြည့်စုံမှု ရှိမရှိ စိစစ်ပေးရသည်။
ဒုတိယ သမ္မတလောင်း (၃) ဦးအနက် ပြည်ထောင်စုလွှတ်တော်တွင် မဲအများဆုံး ရရှိသူသည် #နိုင်ငံတော်သမ္မတ ဖြစ်လာပြီး ကျန်(၂) ဦးမှာ #ဒုတိယသမ္မတ(၁) နှင့် (၂) များ ဖြစ်လာပါသည်။