ကိုယ်ရေးအချက်အလက်များပြင်ဆင်လိုပါက မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာ ပုံစံ – (၄-ဂ)

မော်လမြိုင်၊ အောက်တိုဘာ ၁၀၊ ၂၀၂၀ ။

NEI’s Election Info Desk

အကယ်လို့ သင် (သို့မဟုတ်) သင့်မိသားစုဝင် တစ်ဦးဦးဟာ မဲစာရင်းမှာ အမည်သတ်ပုံမှားယွင်း နေတာ (သို့မဟုတ်) မှတ်ပုံတင်အမှတ် နှင့် ကိုယ်ရေးအချက်အလက်များ မှားယွင်း နေမယ်ဆိုရင် ပုံစံ – (၄-ဂ) (မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာ) ကိုဖြည့်စွက်ပြီး ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ထံကို အောက်တိုဘာလ (၁၄) ရက်ကို နောက်ဆုံးထားပြီး လျှောက်ထား တင်သွင်းရပါမယ်။
ဖြည့်စွက်ရမည့် ပုံစံ (၄-ဂ) ကို အောက်ပါလင့်တွင် ဒေါင်းလုဒ် ရယူနိုင်ပါသည်။
https://www.uec.gov.mm/show_data_content.php?name=76.pdf…